
ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ဟေတီနိုင်ငံမှာ လှုပ်သွားသောငလျင်ကြောင့် လူ ၄၅၀၀၀-၅၀၀၀၀ နီးပါးသေဆုံးခဲ့သည်ဟုခန့်မှန်းလိုက်သည်။ ကယ်ဆယ်ရေးအဖွဲ့များကလည်း အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရန်အချိန်လုနေရသည်။
အမေရိကန်နိုင်ငံက စစ်သား ၃၅၀၀ နှင့် မရိန်းတပ်သား ၂၂၀၀ တို့ကို ကယ်ဆယ်ရေးအတွက်စေလွှတ်မည်ဖြစ်သော်လည်းကြန့်ကြာမှုများကြုံတွေ့နေရသည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အမေရိကန်သမိုင်းတစ်လျောက် အကြီးမားဆုံး ကယ်ဆယ်ရေးကူညီမှုပေးမည်ဟုကတိပြုပြောကြားခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အစားအစာ၊ ရေ၊ ဆေးဝါးနှင့် အလေးအပင်မနိုင်သော ကရိယာများလိုအပ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ အိုဘားမား၊ ပြင်သစ်သမ္မတ နီကိုလပ် ဆာကိုဇီ တို့အပါအဝင် ဘရာဇီး၊ ကနေဒါနှင့် အခြားနိုင်ငံများမှ ခေါင်းဆောင်များသည် ဟေတီနိုင်ငံတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် အစည်းအဝေးတစ်ရပ် ပြုလုပ်သွားမည်ဟုလည်း ပြင်သစ် အစိုးရအဖွဲ့ကထုတ်ပြန်ကြေညာသွားခဲ့သည်။
ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ဟေတီနိုင်ငံတွင် ပြီးခဲ့တဲ့အင်္ဂါနေ့က လှုပ်သွားခဲ့သော အဆိုပါငလျင်ဒဏ်ကြောင့် လူသုံးသန်းခန့် ထိခိုက်ပျက်စီးမှုများနှင့်ကြုံခဲ့ရသည်ဟုပြောကြားသွားခဲ့ပါသည်။
နေတိုက်ရှိန်းဘာသာပြန်သည်။
Source: BBC News
No comments:
Post a Comment