
ကမ္ဘာ့ကုလသမဂ္ဂ လူမှုကူညီမှုအဖွဲ့ခေါင်းဆောင် ဂျွန်ဟုမ်းစ်က ယခုအလှုငွေများသည် ဒုက္ခသည် သုံးသန်းအတွက် ခြောက်လကြာ ကူညီပေးဖို့ ရည်ရွယ်ထားခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။
ထိုငလျင်ကြောင့် လူသောင်းပေါင်းများစွာသေဆုံးခဲ့ရပြီး ကယ်ဆယ်ရေးဝန်ထမ်းများအနေနှင့် အသက်ရှင်ကျန်ရစ်သူများကို အရှိန်အဟုန်မြင့်ရှာဖွေနေဆဲဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း စနေနေ့တွင် ဟေတီနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဟေတီအစိုးရ အတွင်းဝန်ကြီး ပြောကြားချက်အရ သေဆုံးသူအလောင်းပေါင်း ၅၀၀၀၀ အထိရှာဖွေတွေ့ရှိထားပြီဖြစ်သည်။ သူ၏ပြောကြားချက်အရ သေဆုံသူအရေအတွက် စုစုပေါင်း တစ်သိန်းမှ နှစ်သိန်းအထိရှိနိုင်သည်ဟုသိရသည်။
ကုလသမဂ္ဂပြောကြားချက်အရ လူသုံးသိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်နေရသည်ဟုလည်းသိရပါသည်။
နေတိုက်ရှိန်းဘာသာပြန်သည်။
Source: BBC News
No comments:
Post a Comment