
လာမည့် ၂၀၁၃ ခုနှစ်၌ ပြုလုပ်မည် ဖြစ်သော အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ (Sea Games)ပြိုင်ပွဲ ကြီးကို မြန်မာ နိုင်ငံတွင် လက်ခံ ကျင်းပရန် အတည်ပြု လက်ခံလိုက်ပြီဟု သိရသည်။
၂၀၁၃ ဆီးဂိမ်း ပြိုင်ပွဲကို မူလက စင်ကာပူ နိုင်ငံတွင် လက်ခံ ကျင်းပရန် လျာထား သတ်မှတ် ခဲ့ခြင်း ဖြစ်သည်။ သို့သော် စင်ကာပူ နိုင်ငံက ၎င်းတို့၏ အားကစား ကွင်းနှင့် အခြေခံ အဆောက်အဦများ အဆင်သင့် မဖြစ်သေး သောကြောင့် အဆိုပါ အခွင့်အရေးကို ပယ်ချခဲ့သည်။ ထို့ကြောင့် ယင်းအခွင့်အရေး အတွက် မြန်မာ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် နိုင်ငံ များက ကမ်းလှမ်းဖွယ် ရှိနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့ရာတွင် မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ အဆင့်မြင့် အရာရှိ ပုဂ္ဂိုလ်ကြီး တစ်ဦး ပြောကြား လိုက်သည့် သတင်းအရ မြန်မာ နိုင်ငံတွင် ၂၀၁၃ ဆီးဂိမ်းစ် ပြိုင်ပွဲ လက်ခံ ကျင်းပရန် ဇန်န၀ါရီ ၁၆ ရက်နေ့က အတည်ပြု လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆီးဂိမ်းစ် ပြိုင်ပွဲကြီးကို ၂၀၁၃ ဒီဇင်ဘာလ အတွင်းတွင် နေပြည်တော် တိုင်း၌ ကျင်းပသွားမည် ဟုလည်း သိရသည်။ ထို့ကြောင့် နေပြည်တော်တွင် နိုင်ငံတကာ အဆင့်မီ အားကစား ကွင်းကြီး ဖြစ်သော လူ ၃၀၀၀၀ ဆန့် ဇဗ္ဗူသီရိ အားကစား ကွင်းကြီးကို စတင် တည်ဆောက် နေပြီ ဖြစ်ပြီး မကြာမီ ပုဗ္ဗသီရိ အားကစား ကွင်းကိုလည်း ဆက်လက် တည်ဆောက် သွားမည်ဟု သိရသည်။
Soccer Myanmar Website မှကူးယူဖော်ပြသည်။
No comments:
Post a Comment