
သူငယ်ချင်းတစ်ယောက်က သူ့ဘလော့မှာ ဒီလိုအကြောင်းအရာလေးတွေရေးတာကိုအားကျလို့ ကျွန်တော့်ရဲ့ရှာဖွေတွေ့ရှိမှုတွေကိုလည်းပြောပြတာပါ . . .
သိတာတွေပါသလို မသိတာတွေလည်းပါမှာပေါ့ . . .
ထူးထူးဆန်းဆန်းလေးတွေသိချင်ရင်ဖတ်ကြည့် . .
၁။ လူတစ်ယောက်က အသက်၇၅နှစ်ရှင်ရင် နှစ်ပေါင်း ၂၃တိုင် အိပ်စက်ခြင်းဖြင့်ကုန်ဆုံးစေတယ်တဲ့။
၂။ ခြင်တွေက တခြားအရောင်တွေထက် အပြာရောင်ကိုပိုဆွဲဆောင်မှုရှိတယ်တဲ့။
၃။ သတ္တဝါတွေထဲမှာ လူနဲ့ ကိုအာလာ ဝက်ဝံတွေပဲ လက်ဗွေရာရှိသတဲ့။
၎။ အမေရိကန်နိုင်ငံမှာ လူတွေက နေ့စဉ် စုစုပေါင်း ပီဇာ ဧကပေါင်း ၇၅ ဧက စားသတဲ့။
၅။ မုန်လာဥနီများများစားရင် လူက လိမ္မော်ရောင်ပြောင်းလာမယ်တဲ့။
၆။ ရေဘဝဲမှာ နှလုံး သုံးခုရှိသတဲ့။
၇။ ကိုကာကိုလာက အစက အစိမ်းရောင်ပါတဲ့။
၈။ လူတွေဟာ ကိုယ့်တံတောင်ကိုကိုယ်တိုင် လျှာနဲ့လျက်လို့မရဘူးတဲ့။
၉။ မပုပ်မသိုးတဲ့ အစားအစာက ပျားရည်ပါတဲ့။
၁၀။ မိကျောင်းတွေက လျှာထုတ်ပြလို့ရအောင် လျှာမရှည်ဘူးတဲ့။
No comments:
Post a Comment