
ငလျင်ဘေးဒဏ်ကြောင့် ဒုက္ခကြုံတွေ့နေရသော ဟေတီနိုင်ငံတွင် ယနေ့ အင်အား ၆.၁ ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်သွားကြောင်းသိရပါသည်။
ဟေတီနိုင်ငံသည် ဇန်နဝါရီလ ၁၂ရက်နေ့က အင်အား ၇.၀ ရှိ ငလျင်ဒဏ်ကြောင့် အိုးအိမ်စည်းစိမ်များစွာအပြင် လူပေါင်း အနည်းဆုံး ၇၂၀၀၀ သေဆုံး ဆုံးရှုံးခဲ့ရပါသည်။
ဟေတီနိုင်ငံမှ ပြည်သူများသည် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဆေးဝါးများကို အရေးတကြီးလိုအပ်နေကြပြီး ယခုလို ပြင်းထန်သောငလျင်ထပ်လှုပ်သွားခြင်းကြောင့် ပိုမိုစိုးရိမ်ကြောက်ရွံမှုများဖြစ်ပေါ်လာသည်ဟုသိရပါသည်။
နေတိုက်ရှိန်း ဘာသာပြန်သည်။
Soure: CNN News
No comments:
Post a Comment