မနေ့က သူငယ်ချင်းတစ်ယောက်ပေးလို့ ဘလော့တစ်ခုကိုသွားကြည့်မိပါသည်။
ကြည့်ပြီးထွက်သွားသောဒေါသကြောင့် ကိုယ့်ဘလော့မှာစာတောင်လာမရေးနိုင်တော့ပါ။
အဲဒီဘလော့မှာရေးထားတာတွေက ကျွန်တော်တို့ ဗုဒ္ဓဘာသာကိုစော်စော်ကားကားမိုက်မိုက်ရိုင်းရိုင်းစကားတွေနဲ့ ပုတ်ခတ်ထားသော ပို့စ်တွေပါ။ နောင်တတော်တော်ရသွားတယ်။ ဘာလို့မနေနိုင်မထိုင်နိုင်သွားဖတ်မိလဲပေါ့။ ဖတ်မိတော့လည်း တော်တော်လေးကို ဒေါသထွက်သွားတယ်။
တကယ်ဆိုရင် မည်သည့်ဘာသာမဆို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိပြီးသားပဲ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရတာကိုတောင် ကျွန်တော်အရမ်းဂုဏ်ယူမိပါသေးတယ်။ မြတ်စွာဘုရားရဲ့ တရားတော်တွေက လူသားချင်းချင်းအပေါ်ကောင်းဖို့၊ ကောင်းတဲ့စိတ်ကိုမွေးဖို့ ကောင်းရာကိုလမ်းညွန်ထားတာပေါ။
အဲဒီဘလော့ပိုင်ရှင်ကတော့ အယူမှားပြီး ဗုဒ္ဓဘာသာကို ရက်ရက်စက်စက်ပုတ်ခတ်ရေးထားတာတော့ တော်တော်ကိုဆိုးဝါးတဲ့ လုပ်ရပ်လို့ကျွန်တော်မြင်ပါတယ်။ သို့ပေသိ ကံ ကံ၏အကျိုးပါပဲ။ သူ့ရဲ့မကောင်းတဲ့စိတ်ထားကြောင့် သူပြန်ခံစားရမှာသာဖြစ်သည်။
မိတ်ဆွေသူငယ်ချင်းတို့လည်း ဖြစ်နိုင်ရင် အဲဒီဘလော့ကို share ပြီးလာဖတ်ခိုင်းရင် မဖတ်ပါနဲ့လို့ အကြံပေးချင်ပါတယ်။ ဖတ်ပြီးရင် အကုသိုလ်များလို့ပါ။ သွားဖတ်တဲ့သူမရှိတော့ရင် သူဘာရေးရေး အရာမဝင်ပါ။ ဥပေက္ခာပြုထားလိုက်ပါ။
ကျွန်တော်ကတော့ သွားဖတ်မိလို့ Blogger မှာ Report Abuse (Violence and Hatred) လုပ်ခဲ့ပါတယ်။ တကယ်လို့ သူငယ်ချင်းတို့ မတော်တဆ အဲဒီဘလော့ကိုရောက်မိသွားရင်လည်း ကျွန်တော့်လို Report Abuse လုပ်ပစ်ခဲ့ကြပါ။ အဲဒီဘလော့ ပျက်သွားပါလိမ့်မယ်။
အားလုံး စိတ်မဆင်းရဲစေချင်လို့ လင့်ခ်ကိုမတင်ပေးတော့ပါဘူး။
နောက်ရက်တွေမှာ ပို့စ်အသစ်တွေဆက်တင်ပေးပါမယ်။
နေတိုက်ရှိန်း
စာရေးဆရာများသို့
11 years ago
yah...i also had accidentally read through that blog....that blogger should be banned..
ReplyDelete