
စာရွက်က ထူးဆန်းသည်။ ကျွန်တော့်ဘောပင် အနက်ရောင်ကား မထင်။ တကယ်တော့ စာမျက်နှာ တစ်ခုလုံးက အနက်ရောင်ဖြစ်နေသည်ကိုး။ ဘာလို့ စာရွက်က အနက်ဖြစ်နေရတာလဲ။ စာရွက်လေးကို ကျွန်တော်အပြစ်တင်မိသည်။ တခြားသူတွေ ဖြူနေချိန်မှာ သူကဘာလို့ နက်နေရတာလဲ။ ကျွန်တော် အနက်ရောင်ဘောပင်ကြိုက်တတ်တာကို ဒီစာရွက်က မသိလို့လား။ မှင်နက်ထင်အောင် ဖြူပေးစမ်းပါလို့ စာရွက်လေးကိုပြောမိသည်။ ရေးချချင်လို့ပါ အနက်ရောင်ခံစားချက်တွေ။ ရေးခွင့်မပေးရလောက်အောင် ဘာလို့ တစ်ကိုယ်ကောင်းဆန်နေတာလဲ။
ကျွန်တော်သည် ထူးဆန်းသည်။ အနက်ရောင် စာရွက်တစ်ရွက်ကိုပင် အပြစ်တင်မိသေးသည်။ စာရွက်က အစကတည်းက နက်ပြီးသားဖြစ်သည်။ နက်နေတာကို အတင်းအကျပ်ဖြူခိုင်းလို့မရ။ အတ္တတွေ။ အတ္တတွေ။ တကယ်တော့ အနက်ပေါ်အနက်ထပ်ရေးမိနေသည်ကိုက ကျွန်တော့်အမှား။ အရာမထင်တဲ့ ခံစားချက်တစ်ခုကို ဘာလို့ ကောက်ကြောင်းတွေထင်အောင် ကျွန်တော်ဆွဲနေမိလဲမသိ . . .
နေတိုက်ရှိန်း ရောက်တတ်ရာရာ ထင်ရာမြင်ရာ ရေးထားသည်။
( အိပ်မပျော်သောကြောင့် )
No comments:
Post a Comment