Friday, January 8, 2010

ဗီဒစ် သည် မန်ယူအသင်းမှ ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ပြောင်းရွှေ့မည်မဟုတ်ကြောင်း


နီမင်ဂျာ ဗီဒစ် သည် မန်ယူအသင်းမှ ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ပြောင်းရွှေ့မည်မဟုတ်ကြောင်း အေးဂျင့်ဖြစ်သူမှ ပြောကြားလိုက်ပါတယ်။

ဆားဘီးယားနောက်ခံလူ ဗီဒစ်သည် မန်ယူ အသင်းနောက်တန်းတွင် အရေးပါသောနောက်ခံလူဖြစ်ပြီး ရီယိုဖာဒီနန် နှင့်အတူ အတွဲညီညီ ကစားပြီး အသင်းအတွက် ချန်ပီယံဆုကို သုံးနှစ်ဆက် ရယူပေးခဲ့သူလည်းဖြစ်သည်။

သို့သော် နောက်ဆုံးခန့်မှန်းချက်များအရ ၂၈နှစ်အရွယ်နောက်ခံလူသည် နည်းပြ ဖာဂူဆန်နှင့်အဆင်မပြေဖြစ်ကြောင်း သတင်းများထွက်နေသည်။ ကစားသမားကိုယ်တိုင်ကမူ ထိုသတင်းကိုငြင်းဆိုထားသည်။

စပါးတပ်မော်စကိုအသင်းမှ မန်ယူသို့ ပေါင်၇သန်းဖြင့် ပြောင်းရွှေ့လာခဲ့သော ဗီဒစ်ကို ရီးရဲမက်ဒရစ်နှင့် ဘာကာ အသင်းများမှ စိတ်ဝင်စားနေသည်။

သို့သော် ဗီဒစ်အေးဂျင့်ဖြစ်သူကမူ စပိန်သို့ပြောင်းရွှေ့မှုသည် ချက်ချင်းဖြစ်နိုင်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။ သူက “ နီမင်ဂျာ က ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းပြောင်းမယ်လို့ ကျွန်တော်မထင်ပါဘူး။ သူ ဒီအသင်းကနေပြောင်းသွားဖို့ အခြေအနေတစ်ခုမှ မရှိသေးပါဘူး။ ” လို့ပြောသွားခဲ့ပါတယ်။

နေတိုက်ရှိန်း ဘာသာပြန်သည်။

source: The Sun

No comments:

Post a Comment