Sunday, January 17, 2010

ပရီမီးယားလိဒ်ပွဲစဉ် ၂၂


ယမန်နေ့က မန်ယူအသင်းပွဲအပါအဝင် ပရီမီးယားလိဒ်ပွဲ ၆ ပွဲကစားခဲ့ပါတယ်။

အခြားပွဲစဉ်များမှာတော့ . . .

စတုတ်စီးတီး ၁-၁ လီဗာပူး

လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို ၅၇မိနစ်တွင် S. Kyrgiakos က သွင်းပေခဲ့သော်လည်း မိနစ် ၉၀ တွင် စတုတ်အသင်းက ပြန်လည်ချေပဂိုးသွင်းယူသွားခြင်းဖြစ်သည်။ ယခုပွဲကြောင့် လီဗာပူးအသင်းရလဒ်ဆိုးဝါးမှုများ ရပ်တန်းခြင်းမရှိဘဲ ချန်ပီယံလိဒ်ပြိုင်ပွဲဝင်နိုင်ရန်ပင် မသေချာမရေရာဖြစ်လာပါသည်။

ချဲလ်ဆီး ၇-၂ ဆန်ဒါလန်း

ချဲလ်ဆီးအသင်းသည် ယမန်နေ့က ခြေစွမ်းပြကစားကာ ဆန်ဒါလန်းအသင်းကို ၇ ဂိုးတိတိသွင်းယူသွားခဲ့သည်။ ချဲလ်ဆီးအတွက် အနယ်ကာ နှင့် လမ်းပတ်တို့က နှစ်ဂိုးစီ၊ မာလူဒါ၊ အက်ရှလေကိုး နှင့် ဘောလက်တို့က တစ်ဂိုးစီသွင်းယူပေးသွားခြင်းဖြစ်သည်။ ယခုနိုင်ပွဲကြောင့် ချဲလ်ဆီးအသင်းသည် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေဆဲဖြစ်သည်။

အခြားပွဲစဉ်ရလဒ်များကတော့ ...

တော့တင်ဟမ် ၀-၀ ဟောလ်စီးတီး
ဝုဖ်ဗာဟမ်တမ် ၀-၂ ဝီဂန်
အဲဗာတန် ၂-၀ မန်စီးတီး

တနင်္ဂနွေနေ့ပွဲစဉ်မှာလည်း အာဆင်နယ်အသင်းအပါအဝင် သုံးပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

No comments:

Post a Comment