Friday, January 8, 2010

ပက်ထရစ် ဗီအာရာ မန်စီးတီး အသင်းသို့ ရောက်တော့မည်



ပက်ထရစ် ဗီအာရာ သည် မန်စီးတီးအသင်းသို့ ၁၈လ စာချုပ်ဖြင့် ယနေ့ရောက်ရှိမည်ဖြစ်သည်။

ယခင် အာဆင်နယ်အသင်းကြယ်ပွင့် ဗီအာရာသည် အိစ်လန်း တွင် ယနေ့နေ့လည် ဆေးစစ်မှုများခံယူတော့မည်ဖြစ်သည်။ သူသည် အင်တာနည်းပြ မော်ရင်ညိုရဲ့ အသင်းတွင်နေရာမရဖြစ်နေသောကြောင့် ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

၃၃နှစ်အရွယ် ဗီအာရာသည် ယခင်အင်တာနည်းပြဟောင်း ယခုစီးတီးနည်းပြ မန်စီနီနှင့် ပြန်လည်တွဲဖက်မိခြင်းဖြစ်ပြီး ယခုအပြောင်းအရွှေ့ကြောင့် ကမ္ဘာ့ဖလားဝင်ပြင်သစ်အသင်းတွင် နေရာ ရမည်ဟု မျှော်လင့်နေသည်။

ယခုရာသီတွင် အင်တာနှင့်အတူ ၁၆ပွဲသာ ပွဲထွက်ခွင့်ရသော ဗီအာရာက “ ကျွန်တော် ကမ္ဘာ့ဖလားမှာပါဝင်ခွင့်ရချင်ပါတယ်။ အဲဒီအတွက်လည်း ပွဲချိန်များများ ကစားခွင့်ရဖို့လိုပါတယ်။ ” ဟုပြောခဲ့ပါတယ်။

သူက “ ကျွန်တော့်မှာ ရည်မှန်းချက်တွေရှိပါတယ်။ ဒါပေမယ့် နည်းပြရဲ့အရွေးမခံရတဲ့ အင်တာမှာ ဆက်နေနေရင် ကျွန်တော့်ရည်မှန်းချက်တွေဖြစ်လာမှာ မဟုတ်ပါဘူး။ ” ဟုပြောပါတယ်။

“ ကျွန်တော့်အတွက်အရေးကြီးတာက စီးတီးကိုသွားပြီးတော့ အရင်အင်တာမှာကစားသလို ကောင်းကောင်းကစားနိုင်သေးတယ်ဆိုတာ နည်းပြကိုပြနိုင်ဖို့ဖြစ်ပါတယ်။ ဒါတွေအားလုံးက ကျွန်တော့်ကို ပြင်သစ်အသင်းမှာ ပါဝင်ခွင့်ရဖို့ ကူညီနိုင်ပါလိမ့်မယ် ” ဟုသူကပြောပါတယ်။

နေတိုက်ရှိန်း ဘာသာပြန်သည်။

No comments:

Post a Comment