Saturday, January 23, 2010

ၾသစေတးလ် တကၠသိုလ္မ်ား . . . အပိုင်း (၄)



သြဇီကျောင်းတွေအကြောင်း ဆက်ပြောပါမယ်။ ရှေ့ကပို့စ်တွေမှာ ဘယ်ကျောင်းတွေရှိလဲဆိုတာပြောပြပြီးပါပြီ။ အခုတစ်ခေါက် ဘယ်ကျောင်းတွေ လျှောက်ရင်ကောင်းမလဲဆိုတာပြောပြပါမယ်။

သြဇီတက္ကသိုလ်တွေထဲမှာ Group of Eight (Go8) ဆိုပြီးကျောင်း ၈ ကျောင်းရှိပါတယ်။

အဲဒီကျောင်းတွေကို ကမ္ဘာ့အဆင့်အလိုက် စီလိုက်မယ်ဆိုရင် -
1. Australian National University (ANU) - Canberra (World Rank - 17)
2. University of Sydney - Sydney (World Rank - 36)
2. University of Melbourne - Melbourne (World Rank - 36)
4. University of Queensland (UQ) - Brisbane (World Rank - 41)
5. Monash University - Melbourne (World Rank - 45)
6. University of New South Wales (UNSW) - Sydney (World Rank - 47)
7. University of Adelaide - Adelaide (World Rank - 81)
8. University of Western Australia (UWA) - Perth (World Rank - 84)
တို့ဖြစ်ကြပါတယ်။

ဖြစ်နိုင်ရင် အထက်မှာ ဖော်ပြထားတဲ့ တက္ကသိုလ်တွေကို ဝင်ခွင့်ရဖို့ လျှောက်စေချင်ပါတယ်။ တခြားတက္ကသိုလ်တွေထက်ပိုကောင်းလို့ပါ။ ယခု ကျောင်း ၈ ကျောင်းသာ ကမ္ဘာ့အဆင့် ၁၀၀ အတွင်းဝင်တာဖြစ်ပါတယ်။ အဆင့်မြင့်သလို သင်ကြားမှုပိုင်းကော Facilities ကော စုံစုံလင်လင် ထောက်ပံပေးနိုင်တဲ့ကျောင်းတွေပါ။ ဝင်ခွင့်ရဖို့ကတော့ နည်းနည်းခက်ခဲပါမယ်။ ဒါပေမယ့် နိုင်ငံတကာအသိမှတ်ပြု ဘွဲ့တွေကို ရနိုင်ဖို့ အခွင့်အလမ်းရှိတဲ့ကျောင်းတွေပါ။

ဒါပေမယ့် အကယ်လို့ ဒီကျောင်း ၈ ကျောင်းဝင်ခွင့်ရဖို့ ခက်ခဲခဲ့မယ်ဆိုရင်တော့ တခြားကျောင်းတွေကို လျှောက်တာကောင်းပါတယ်။ တခြားကျောင်းတွေလည်း သင်ကြားမှု မဆိုးနိုင်ပါဘူး။ တစ်ချို့နေရာတွေမှာ အဆင့်မြင့်တဲ့ကျောင်းတွေထက်တောင်ပိုပြီးသင်ကြားမှုကောင်းတတ်တာရှိပါတယ်။ ပြီးတော့ သတိပြုရမယ့် နောက်တစ်ချက်က ကိုယ်ယူမယ့်ဘာသာရပ်က ကိုယ်တက်မယ့်ကျောင်းမှာ သေသေချာချာ သင်ကြားခြင်းရှိမရှိလေ့လာဖို့ပါ။ ဥပမာဆိုရင် တစ်ချို့ကျောင်းကြီးတွေက ကမ္ဘာ့အဆင့်မှာသာမြင့်တာ ဘာသာရပ်တစ်ခုခု ( E.g. Engineering ) ကို ကောင်းကောင်းသင်ပေးနိုင်တဲ့ course တွေမရှိတတ်ပါဘူး။ သူတို့ထက် Technology ကို အထူးပြုထားတဲ့ တက္ကသိုလ်တွေက Engineering ကိုပိုပြီး ကောင်းအောင်သင်ပြပေးနိုင်ပါတယ်။ ထို့ကြောင့် ကျောင်းလျှောက်တော့မယ်ဆိုရင် ကိုယ်တက်မယ့်ကျောင်းနဲ့ ကိုယ်ယူမယ့်ဘာသာရပ်ကို အထူးသတိပြုလေ့လာပြီးမှ လျှောက်သင့်ပါတယ်။ မဟုတ်ရင် စတက်တော့မှ ကမောက်ကမတွေဖြစ်လာတတ်ပါတယ်။

တစ်ခုရှိတာက သြဇီကျောင်းတွေမှာ သင်တဲ့ဘာသာရပ်တွေကတော်တော်များများ တက္ကသိုလ်တစ်ခုနဲ့တစ်ခု တူကြပါတယ်။ ဒါကြောင့်မလို့ ကျောင်းပြောင်းကျောင်းရွှေ့လုပ်ရတာလွယ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ပိုကောင်းတဲ့ကျောင်းကို ပြောင်းချင်ရင် အမှတ်ကောင်းကောင်း ပြပြီးမှ ပြောင်းခွင့်ရနိုင်မှာပါ။

ထို့အပြင် ကိုယ်ဘယ် ဘာသာရပ်ကို အားသန်သလဲဆိုတာအရေးကြီးပါတယ်။ ကိုယ်တစ်ကယ် စိတ်ပါလက်ပါနဲ့ ကောင်းကောင်းစာလုပ်နိုင်မယ့် ဘာသာမျိုးကိုရွေးချယ်သင့်ပါတယ်။ ဥပမာ သင်္ချာဘာသာရပ်ကို စိတ်ပါလက်ပါမရှိဘဲနဲ့ Engineering ကိုတက်ဖို့ တော်တော်လေးကို စဉ်းစားယူပါ။ မဖြစ်နိုင်ဘူးဆိုတာမျိုးတော့မရှိပါဘူး။ ဒါပေမယ့် ဘာသာရပ် ပိုခက်ခဲလာတာတို့ ပိုပြီး တောင်းဆိုမှုတွေများလာတာတို့ဆိုရင် စိတ်ဓာတ်ကျစရာတွေဖြစ်လာနိုင်တာကြောင့်ပါ။ အကယ်လို့သာ ကိုယ်ကိုယ်တိုင် စိတ်ဝင်စားတယ်ဆိုရင်တော့ ကြိုးစားပြီးသာ လုပ်ပါ။ မြန်မာလူမျိုးများဟာ ကြိုးစားရင်မည်သည့်နေရာမှာမဆို သူများထက်တော်ပြီးသားပါ။

အခုအချိန်အထိတော့ တက္ကသိုလ်တွေ အကြောင်းကို ဒီလောက်ပဲပြောပြထားပါဦးမယ်။ နောက်ပိုင်းမှာ သြဇီကျောင်းသားဘဝကို ပြောပြပါမယ်။ သြဇီမှာ ဘယ်လိုနေလဲ၊ ဘာတွေရှိလဲ၊ ဘာတွေ ကွာလဲ ဆိုပြီးမေးတတ်တဲ့ သူငယ်ချင်းတွေအတွက်ပါ။

နေတိုက်ရှိန်း

3 comments:

  1. thz....:)
    all of ur post are very nice...i usually read..but for this post.i thz u..:)

    ReplyDelete
  2. တော်တော်ကောင်းတယ်ဗျာ။ ဒီလိုမျိုး info တွေဒီမှာ (UoNS)မှာတော်တော်လိုနေပါတယ်။ ပြီးတော့ အကုန်လုံးလည်း ကမောက်ကမတွေဖြစ်နေကျတယ်။ ဒီပို့စ်လေးမှာ "မြန်မာလူမျိုးများဟာကြိုးစာရင် မည်သည့်နေရာမှာမဆို သူများထက်တော်ပြီးသားပါ" ဆိုတာလေးက တခြားလူတော့မသိဘူး ကျွန်တော့်ကို တော့တော်တော်အားတက်စေပါတယ်။ ဒီလိုမျိုး ဆက်တိုက် အသစ်တွေ တင်ပေးတာကို လည်းကျေးဇူးတင်ပါတယ်။ နောက်ထပ်လာမည့် ပို့စ်တွေကိုလည်းစောင့်နေပါတယ်။

    ReplyDelete
  3. ဟုတ်ကဲ့ပါ။ မကြာခင်မှာပဲ သြဇီမှာ ကျောင်းတက်ရတဲ့အကြောင်းလေးတွေရေးတင်ပေးပါ့မယ်။

    ReplyDelete