Wednesday, January 20, 2010

ၾသစေတးလ် တကၠသိုလ္မ်ား . . . အပိုင်း (၃)


ဒီတစ်ခါတော့ သြဇီကျောင်းတွေလျှောက်မယ်ဆိုရင် ဘာတွေလိုမယ်ဆိုတာကိုပြောပြပါမယ်။

နေရာဒေသနဲ့ ပညာအရည်အချင်းတွေပေါ်မူတည်ပြီး လိုအပ်ချက်တွေကွာခြားပါတယ်။ ဝင်ခွင့်ရမယ့် အဆင့်တွေလည်းကွာနိုင်ပါတယ်။ ကျောင်းတွေအပေါ်မှာမူတည်ပြီးတော့လည်း ဝင်ခွင့်လိုအပ်ချက်တွေကွာနိုင်ပါတယ်။

အသေးစိတ်ကိုတော့ ကျောင်းကို အီးမေးပို့ပြီးမေးရင် ပြန်ပြောပြကြပါလိမ့်မယ်။
ကျွန်တော်ကတော့ ယေဘုယျလိုအပ်ချက်တွေကိုပြောပြပေးပါမယ်။

ပထမဆုံးလိုတာကတော့ အမြင့်ဆုံး ပညာအရည်အချင်းလက်မှတ်ဖြစ်ပါတယ်။ ဆယ်တန်းအောင်ခါစတွေဆိုရင် ဆယ်တန်းအောင်လက်မှတ်နဲ့ ဆယ်တန်းအမှတ်စာရင်းတွေ ပေးရပါတယ်။ ဒီပလိုမာရပြီးသူတွေဆိုရင် ဒီပလိုမာ လက်မှတ်ကို ပို့ပေးရပါမယ်။ ဘွဲ့ရဆိုရင်လည်း ဘွဲ့လက်မှတ်ကိုပေးရပါမယ်။ မြန်မာလိုရေးထားတဲ့ စာရွက်စာတန်းတွေကိုတော့ နိုတြီပြန်ပြီး ပို့ပေးရပါမယ်။

ပြီးတော့ ဘယ်သူမဆို ဆယ်တန်းအောင်လက်မှတ်တော့ ပို့ပေးရပါမယ်။ မူရင်းနဲ့ နိုတြီကိုတောင်းပါတယ်။ ဆယ်တန်းအောင်ခါစ ကျောင်းသားလေးတွေအတွက်တော့ ဆယ်တန်းအမှတ်က အရေးကြီးပါတယ်။ အင်္ဂလိပ်စာ အနည်းဆုံး ၆၀ ကျော်လောက်မှ ဝင်ခွင့်အတွက် အဆင်ပြေမှာပါ။ တစ်ခြားဘာသာတွေကလည်း ကိုယ်ယူမယ့်ဘာသာပေါ်မူတည်ပြီး အမှတ်ကောင်းရင်ပိုပြီးတော့ အဆင်ပြေမှာပါ။ ဥပမာ . . . အင်ဂျင်နီယာဘာသာတက်ချင်သူတွေအတွက် သင်္ချာ၊ ရူပဗေဒ နှဲ့ဓာတုဗေဒ အမှတ်တွေအရေးကြီးပါတယ်။ ဒီပလိုမာတို့ ဘွဲ့တို့ ရပြီးသူတွေအတွက်ကတော့ ဆယ်တန်းအမှတ်ကအရေးမကြီးတော့ပါဘူး။ ဒါပေမယ့် အောင်လက်မှတ်တော့ ပို့ပေးရပါလိမ့်မယ်။ တက္ကသိုလ်တက်နေသူတွေဆိုလည်း တက်နေဆဲနှစ်အထိ အမှတ်စာရင်းကိုပေးရပါမယ်။

ဒုတိယလိုအပ်ချက်ကတော့ IELTS/TOEFL ဖြစ်ပါတယ်။ တက္ကသိုလ်တက်မယ့်သူတွေအတွက် အနည်းဆုံး IELTS overall band 6.5 ရထားရမှာဖြစ်ပါတယ်။ ဒါ့အပြင် IELTS Writing band 6 အောက်မနိမ့်ရပါဘူး။ အဲလိုပြနိုင်မှ တက္ကသိုလ်ကိုတိုက်ရိုက်ဝင်ခွင့်ရနိုင်မှာပါ။ TOEFL ကတော့ ၅၇၀ အနည်းဆုံးရရပါမယ်။ သြဇီကျောင်းတွေကတော့ IELTS ကိုပိုသဘောကျပါတယ်။

ဒါတွေကကျောင်းလျှောက်ရင် လိုအပ်တဲ့ စာရွက်စာတန်းတွေပါ။
သြဇီကျောင်းတွေကို အီးမေးကတစ်ဆင့်လှမ်းလျှောက်လို့ရပါတယ်။ စာရွက်စာတန်းအားလုံးနဲ့ ကျောင်းလျှောက်လွှာကို Scan ဖတ်ပြီးပို့နိုင်ပါတယ်။ ဒါပေမယ့် ကျောင်းလျှောက်ဖို့ ဒေါ်လာ ၅၀၊ ၁၀၀ ကုန်တတ်ပါတယ်။ လျှောက်သူတိုင်းပေးရမှာပါ။ ခရက်ဒစ်ကဒ်ရှိရင် ဒါမှမဟုတ် သြဇီမှာ အသိရှိရင် အကူညီတောင်းပြီး ပေးပေးခိုင်းလို့ရပါတယ်။

ပြီးရင်တော့ ကျောင်းကပြန်စာကိုစောင့်ရမှာပေါ့။ အများအားဖြင့် အီးမေးနဲ့ပြန်ဆက်သွယ်ပါလိမ့်မယ်။ အရမ်းကြာတဲ့အထိ အကြောင်းမပြန်ရင် အီးမေးထပ်ခါထပ်ခါပို့ပြီးမေးကြည့်ပါ။

ကျွန်တော်ကျောင်းလျှောက်တုန်းကတော့ စင်ကာပူမှာ တက်ပြီးတဲ့ တက္ကသိုလ်ပြီးတဲ့နှစ်အထိ အမှတ်စာရင်းရယ်၊ ဆယ်တန်းအမှတ်ရယ်၊ IELTS အမှတ်ရယ်ပို့ပေးရပါတယ်။

နောက်တစ်ချက်ကတော့ ကျောင်းတွေဖွင့်တဲ့အချိန်တွေပါ။ ကျောင်းတွေက အများအားဖြင့် ဖေဖော်ဝါရီ နဲ့ ဇူလိုင်မှာ ဖွင့်ပါတယ်။ တစ်နှစ်မှာ နှစ်ခါပေါ့။ အဲအတန်းတွေအတွက် ကျောင်းလျှောက်ဖို့ Deadline တွေရှိပါတယ်။ ဖေဖော်ဝါရီအတွက်က အောက်တိုဘာ မရောက်မှီမှာလျှောက်ရပါတယ်။ ဇူလိုင်အတွက်ကတော့ ဧပြီမရောက်မှီကတည်းကလျှောက်ရပါတယ်။ ကျောင်းအပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။

နောက်ပို့စ်တွေမှာ ကျောင်းတွေအကြောင်းဆက်ပြီးပြောပြပေးပါမယ်။
ကျောင်းလျှောက်ဖို့ နဲ့ ကျောင်းတွေအကြောင်းမေးစရာရှိရင် ကွန်မန့်ထဲမှာ မေးနိုင်ပါတယ်။ အတတ်နိုင်ဆုံး အားလုံးကို ကူပေးပါမယ်။

နေတိုက်ရှိန်း

2 comments:

  1. ကေသရာဇာJanuary 22, 2010 at 9:20 PM

    မသိလို့ တစ်ခုလောက်မေးပါရစေ UoNS ကနေ Queensland ကျောင်းကိုပြောင်းဖို့အမှတ်တွေကို ဘယ်လောက်ရအောင်ဖြေခဲ့ရလဲ ဟင်။

    ReplyDelete
  2. Queensland ကျောင်းက အမှတ်ဘယ်လောက်ရအောင်ဖြေလို့တော့ မပြောပါဘူး။ ဒါပေမယ့် အမှတ်များနေရင်တော့ကောင်းတာပေါ့နော်။

    Monash Uni ကို လျှောက်တုန်းကတော့ ဘာသာစုံ ၆၅ကျော်အောင်ဖြေလို့တောင်းပါတယ်။

    ReplyDelete