Friday, January 15, 2010

ကားလင်းဖလား ဆီမီးဖိုင်နယ်ပထမအကျော့ ပထမပွဲစဉ်



ကားလင်းဖလား ဆီမီးဖိုင်နယ်ပထမအကျော့ ပထမပွဲစဉ်အဖြစ် အက်စတွန်ဗီလာ အသင်းနှင့် ဘလက်ဘန်းရိုဗာ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဗီလာ အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ဘလက်ဘန်းအသင်းအိမ်ကွင်းတွင်လက်ခံယှဉ်ပြိုင်ကစားခဲ့သော်လည်း ဧည့်သည်ဗီလာအသင်း ပွဲချိန်၂၃မိနစ်တွင် ဂျိမ်းစ်မီနာ သွင်းပေးခဲ့သောဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ကားလင်းဖလား ဆီမီးဖိုင်နယ်ဒုတိယအကျော့တွင် မန်ယူနှင့်မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး နှစ်ကျော့ပေါင်းရလဒ်ဖြင့် အနိုင်ရရှိသော အသင်းနှစ်သင်းသည် ဝင်ဘလေကွင်းတွင် ဖိုင်နယ်အဖြစ်ကစားမည်ဖြစ်သည်။

No comments:

Post a Comment