Friday, January 8, 2010

မန်ယူအသင်း၏အသင်းခေါင်းဆောင်သစ်



ဝိန်းရွန်နီသည် နောက်နှစ်ဘောလုံးရာသီတွင် မန်ယူအသင်း၏အသင်းခေါင်းဆောင်သစ်ဖြစ်လာတော့မည်ဖြစ်သည်။

ယမန်နေ့က ၃၄နှစ်အရွယ် ဂယ်ရီနဗီးသည် ယခုနှစ်နွေရာသီမှစကာ ဘောလုံးလောကမှ အနားယူတော့မည်ဖြစ်သည်ဟုပြောကြားခဲ့သည်။

အသင်းနည်းပြ ဆာအဲလက်ဖာဂူဆန်က ရွန်နီအနေဖြင့် အသင်းခေါင်းဆောင်လက်ပတ်ကို လွဲပြောင်းယူနိုင်ရန် အဆင်သင့်ဖြစ်နေပြီဟု ယုံကြည်နေသည်။

ဖာဂူဆန်က ရှေ့တန်းလူရွန်နီသည် အသင်းအတွက် အထင်ကရကစားသမားတစ်ဦးဖြစ်ပြီး အသင်းဖော်များအတွက်လည်း အားကျလေးစားဖွယ် ကစားသမားတစ်ဦးဖြစ်သည်ဟု ထင်မြင်သည်။

ယခင်ကလည်း ဖာဂူဆန်က “ ရွန်နီ က အရမ်းကို စိတ်ဓာတ်ဆာလောင်ပြင်းထန်ပြီး အကောင်းဆုံးကစားနိုင်ဖို့အမြဲ ကြိုးစားပါတယ်။ အသင်းက ဘယ်လိုပဲ ကစားကွက်ကောင်းကောင်းဆိုးဆိုး သူကတော့ အကောင်းဆုံးဖြစ်အောင်ကို ကစားပါတယ်။ ဒါတွေက အသင်းခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ အံ့ဖွယ်အရည်အချင်းတွေပါပဲ။ ” ဟုပြောကြားခဲ့ဖူးပါတယ်။

နေတိုက်ရှိန်းဘာသာပြန်သည်။

soure: The Sun

No comments:

Post a Comment