Sunday, January 17, 2010

မန်ယူအသင်း ဘန်လေကို ဂိုးပြတ်အနိုင်ရ



ယမန်နေ့က အိုးထရက်ဖို့ဒ်တွင် ကစားခဲ့သော မန်ယူ နှင့် ဘန်လေအသင်းပွဲစဉ်တွင် မန်ယူအသင်းက သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားပါသည်။

မန်ယူအသင်းတွင် ဒဏ်ရာမှသက်သာလာသော ဂိုးသမား ဗန်ဒါးဆားပါဝင်ခဲ့ပြီး နောက်တန်းတွင် နဗီး၊ ဘရောင်း၊ အီဗန်းစ် နှင့် အီဗရာ တို့ပါဝင်ခဲ့သည်။ အလယ်တန်းတွင်တော့ ယခင်ပွဲစဉ် အနီကဒ်ကြောင့် ဖလက်ချာပါဝင်နိုင်ခြင်းမရှိပေ။ နာနီ၊ စခိုးစ်၊ ဗလင်စီယာနှင့် ကာရစ်တို့ကစားခဲ့ပြီး ရှေ့တန်းတွင် ရွန်နီနှင့်ဘာဘာတော့ဗ်တို့ပွဲထွက်ကစားခဲ့သည်။

ပထမပိုင်းတွင် ရွန်နီနှင့်နာနီတို့ ဂိုးသွင်းရန်ကြိုးစားခဲ့သော်လည်း ဂိုးပေါက်လွဲချော်နေသောကြောင့် ဂိုးမရှိသရေကျနေခဲ့သည်။

သို့သော် ဒုတိယပိုင်း ၆၃မိနစ်တွင် ရွန်နီဆင်ပေးသောဘောလုံးကို ဘာဘာတော့ဗ်က နောက်ခံလူနှင့်ပြိုင်ပြေးရင်း ကန်သွင်းခဲ့ရာ မန်ယူအသင်း ပထမဂိုးရရှိခဲ့သည်။

ထို့နောက် ပွဲချိန် ၆၈မိနစ်တွင် ဘာဘာတော့ဗ်ကန်သွင်းသောဘောလုံးကို ဂိုးသမားပုတ်ထုတ်ရာလျှံကျလာရာ ရွန်နီက နောက်ခံလူများရှုပ်နေသည့်ကြားမှ ရှောင်ထွက်ကာ ကန်သွင်းခဲ့သဖြင့် ဒုတိယဂိုးရရှိခဲ့သည်။

ဘန်လေအသင်းက ခြေပဂိုးရရန်ကြိုးစားသော်လည်း ဘန်လေရှေ့တန်းလူ၏ခေါင်းတိုက်ဂိုးသွင်းချက်မှာ ဂိုးတိုင်ထိကာ ဂိုးကံခေခဲ့သည်။

ထို့နောက် မိနစ်၉၀တွင် လူစားဝင်လာသော မန်ယူလူငယ်ကစားသမားသစ် ဒီအော့ဖ်က ဗလင်စီယာ ဆင်ပေးသည့်ဘောလုံးကို ဂိုးသမားပေါ်မှကျော်ကာ ခေါင်းတိုက်သွင်းယူသဖြင့် တတိယဂိုးရရှိခဲ့သည်။

ပွဲပြီးခါနီးတွင် ဘန်လေအသင်း ပြစ်ဒဏ်ဘောမှဂိုးသွင်းရန်ကြိုးစားသော်လည်း ဗန်ဒါးဆားက လက်စွမ်းပြကာကွယ်သဖြင့် မန်ယူအသင်းက သုံးဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment