Wednesday, January 20, 2010

အွန်လိုင်းကနေဘောလုံးပွဲကြည့်ကြမယ်


ဒီတစ်ခါတော့ အွန်လိုင်းကနေ ဘောလုံးပွဲဘယ်လိုကြည့်မလဲဆိုတာကိုပြောပြမှာပါ။
ကျွန်တော်ကြည့်နေကျနည်းပါ။ Sopcast ဆိုတဲ့ ဆော့ဖ်ဝဲကနေပြီးကြည့်တာပါ။ ဘယ်လိုလုပ်ရမယ်ဆိုတာကိုပြောပြပါမယ်။

ပထမဆုံး Sopcast ဆော့ဖ်ဝဲကို အောက်ကလင့်ခ်ကနေဒေါင်းလုပ် လုပ်ပါ။
http://www.sopcast.com/download/

ပြီးရင် ဆော့ဖ်ဝဲကို Install လုပ်လိုက်ပါ။ သွင်းပြီးသွားရင် Desktop ပေါ်မှာ Shortcut ပေါ်လာပါလိမ့်မယ်။
အဲဒီ Shortcut ကိုနှိပ်ပြီး ဖွင့်လိုက်ပါ။

ထို့နောက် Login as anonymous ကို ရွေးပြီး Login ခလုပ်ကို နှိပ်ပါ။

ပြီးရင် Tab တွေထဲက Live Channels ကိုရွေးလိုက်ပါ။ ဘောလုံးပွဲလာတဲ့အချိန်ကျရင် Shanghai GSports နဲ့ တခြား ချန်နယ်တွေကနေကြည့်နိုင်ပါတယ်။ ဘောလုံးပွဲကစားနေချိန်ဆိုရင် အဲထဲက ပြနေတဲ့ချန်နယ်တစ်ခုခုကို နှိပ်ပြီးဖွင့်လိုက်ပါ။ ထို့နောက် Streaming ကိုခဏစောင့်ပါ။ ပြီးရင်ဘောလုံးပွဲပြနေတာကို တိုက်ရိုက်ကြည့်လို့ရပါမယ်။ ပွဲချိန်ထက်တော့ ၅မိနစ်ခန့်နောက်ကျပါတယ်။ ဒါပေမယ့် ဘာမှသိပ်မကွာပါဘူး။ ကွန်နက်ရှင်ပေါ်တော့ နည်းနည်းမူတည်တာပေါ့။ ကွန်နက်ရှင် မြန်မြန်နဲ့ကောင်းကောင်းဆိုရင် ကြည့်လို့မဆိုးပါဘူး။ ဘောလုံးပွဲမပြတဲ့နေရာတွေမှာတော့ အသုံးဝင်ဆုံးပေါ့။

No comments:

Post a Comment