Friday, January 22, 2010

ဟာသ (၃)

ဟာသလေးတွေထပ်တင်ပေးလိုက်ပါတယ် . . .
ပျင်းနေရင် ဟာသဖတ်၊ အပျင်းပြေတယ်။

၁။
“ ငါ့ကြောင်အိမ်ထဲမှာ မုန့်နှစ်ခုထားတာ အခုတစ်ခုပဲရှိတော့တယ်။ မောင်မောင်၊ ပြောစမ်း။ ဘာလို့တစ်ခုပဲရှိရတာလဲ ”

“ ညကမီးပျက်နေတော့ အဲဒီတစ်ခုကို မမြင်လိုက်ရလို့ပါ ”


၂။
စတိုးဆိုင်ထဲ ဈေးဝယ်နေသော လယ်သမားကြီးကို အရောင်းစာရေးက -

“ စက်ဘီးတစ်စီးလောက်ဝယ်ပါလား ”

“ စက်ဘီးဝယ်မယ့်အစား နွားပဲ ဝယ်တော့မှာပေါ့ကွာ ”

“ ခင်ဗျား နွားစီးပြီး မြို့ကို ဈေးဝယ်လာရင် အရူးလို့ဝိုင်းပြောကြမှာပေါ့ဗျ ”

“ မင်း စက်ဘီးဝယ်သွားပြီးတော့မှ နို့ညှစ်နေရင် ပိုလို့တောင်ရူးတယ်လို့ အပြောခံရမှာပေါ့ကွာ ”


၃။
“ မင်းကို မနေ့ကပေးလိုက်တဲ့ ငွေနှစ်ဆယ် ဘာလုပ်လိုက်သလဲ ”

“ အဘွားကြီးတစ်ယောက်ကိုပေးလိုက်ပါတယ် ဖေဖေ ”

“ ငါ့သားက တယ်လိမ္မာပါလား။ ပြောစမ်းပါဦး။ ဘယ်နားမှာတွေတဲ့ အဘွားကြီးကိုပေးလိုက်တာလဲ ”

“ ကျောင်းရှေ့မှာ မုန့်ရောင်းနေတဲ့ အဘွားကိုပါ ”


၎။
“ မင်းတို့ဆိုင်က ဟင်းချိုကလည်း လက်ဆေးရေအတိုင်းပဲ ”

“ ဟင်၊ ခင်ဗျားဘယ်လိုလုပ်သိတာလဲ ”


၅။
“ ကိုယ်တွေသိပ်အေးနေရင်ဘာလုပ်ရမလဲ ဆရာ ”

“ ရေနွေးအိတ်ကပ်ပါ ”

“ ကိုယ်တွေသိပ်ပူနေရင်ကော ”

“ ရေခဲအိတ်ကပ်ပါ ”

“ ဒါဆို နားတွေပူနေရင်ကော ဆရာ ”

“ ဒါဆိုရင်တော့ ခင်ဗျားမိန်းမနဲ့ဝေးဝေးနေပါ ”

No comments:

Post a Comment